Header Ads

➰ မိန်းကလေးများသတိထားစရာ ကျားတို့ရဲ့မာယာ ➰


💓💓💓💓💓💓💓💓💓💓
💘 Propose လုပ်နေဆဲ ကာလမှာ…… 💘

~ သေမလိုရှင်မလို Feel ပြတယ် ရင်မခုန်ဘူး ဒါပေမယ့် ရည်းစား ရချင်ဇောနဲ့

~ ဟတ်ဟတ်ထိုး ကြွေချင်ယောင် ဆောင်ပြတယ်

~ စိတ်မပါဘဲနဲ့လည်း အသည်းအသန် ဂရုစိုက်ပြတယ်

~ လိုချင်တဲ့ Target မရောက်မချင်း အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး

~ လိုအပ်ရင် မျက်နှာ ရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်

~ တစ်ဖက်က သနားစိတ် ဝင်သွားအောင် မျက်နှာလေး ညှိုးပြမယ်

~ ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ

~ Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူပြန်တယ်

~ ဘာလုပ်နေလဲ ယောင်ပြီး လာမမေးနဲ့ သတိရလို့ Photo လေး ထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ

~ တစ်ရက်လောက် မတွေ့ရရင်ကို ကမ္ဘာပဲ ပျက်တော့မလိုနဲ့ Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာ အမော

~ ပိန်သွားတယ်နော် သွားမပြောနဲ့ ဟုတ်တယ် ညည လွမ်းလို့ အိပ်မပျော်တာ … {ဒါဘဲရမယ်}

~ ဝလာတယ် ပြောကြည့်ဦးမလား.. အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာ နေတာလေ… {သေသွားမယ်}

~ နဖူးလေး အားယားလို့ သွားမစမ်းနဲ့ ချက်ချင်း ပျော့ကျပြီး လူမမာ လုံးလုံးဖြစ်သွားတာ… {အကယ်ဒမီရှော့}

💘 ဟော လာပါပြီ Anni တွေ လွန်မြောက်ပြီးနောက်…… 💘

~ သေသေရှင်ရှင် ပစ်ထားတယ်

~ အဖြေရတာ မသိရင် တစ်ဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ

~ ဆက်လက်၍ ကြိုးစားရန် မလိုအပ်တော့လို့ ထင်မှတ်သွားပြီလေ

~ ဂရုလည်း မစိုက်တော့ဘူး သေရင်တောင် သိလိုက်မယ်မထင်

~ အဖြေရပြီးပြီ ဆိုတော့ စစ်တပ်က အာဏာ ပြန်သိမ်းပြီလေ

~ မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ်လို တည်သွားပြီ

~ ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားဦးမယ်

~ Reply ကြာချက် USA အာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ.. အင်း/ ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ ရောက်မလာသေး

~ ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့.. ဘာလုပ်ရမှာလဲ အားနေတယ် ထင်နေလို့လား… {ကိုဒေါသ}

~ ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့ မကြိုက်ဘူး.. သစ်ရွက်လှုပ်တာနဲ့ စိတ်က တိုနေတတ်တဲ့အချိန် ဖြစ်သွားပြီလေ… {ဦးစိတ်တို}

ဒါကြောင့် တချို့ ယောက်ျားလေးတွေက ရည်းစား မဖြစ်သေးခင် မှာတော့ မာယာလေးတွေ သုံးတတ်ကြ ပါတယ်နော်။ အဖြေရပြီးရင်တော့ အမှန်တရားလေးတွေ မြင်ရစေ့မယ် စိတ်သာချနေပေတော့ ညမလေး တို့ရေ။

ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။ အချစ်ရေးမှာ ကံကောင်းကြပါစေနော်။

credit to original

No comments

Powered by Blogger.