Header Ads

➰ နာကျင်မှုတွေ ပြီးသွားတဲ့အခါ ရင့်ကျက်လာလိမ့်မယ် ➰


★ ★ ★ ★ ★ ★ ★ ★ ★
အချစ် ဆိုတာ မူးယစ်ဆေး တစ်မျိုးနဲ့ တူတယ်။ ထိတွေ့နေရတဲ့ အချိန်မှာ ပျော်ရွှင် ယစ်မူးစေတဲ့ အစွမ်း ရှိပေမယ့် အာနိသင် ပြယ်သွားတဲ့ အခါမှာတော့ နှလုံးသား တစ်ခုလုံးကို နာကျင် ကိုက်ခဲစေတယ်။

အချစ် ရှိနေတဲ့ အချိန်မှာ အရာတိုင်းဟာ ပြီးပြည့်စုံ နေတယ်လို့ ခံစားရပေမယ့် အချစ် မရှိတော့တာနဲ့ တစ်ပြိုင်နက် ကိုယ့်မှာ ရှိသမျှ အရာအားလုံး ရုတ်ချည်း ပျောက်ကွယ် သွားသလိုပါပဲ။

ပင်ပန်းတယ်။ နာကျင်တယ်။ ဝမ်းနည်းစရာ ကောင်းတယ် ဆိုတာတွေ ဘာဆိုဘာမှ မရှိတော့သလို ခံစားချက်တွေနဲ့ ရင်ထဲ ဗလာ ဖြစ်နေတယ်။ ကိုယ့်ဘေးနားက ကိုယ်ပွားလေး ပျောက်သွားတယ် ဆိုတဲ့ အသိကလည်း ကိုယ့်ကို အထီးကျန် စေတယ်။

တစ်ချို့ လူတွေက ဖြစ်မှ ဖြစ်ရလေ ဆိုတဲ့ အကြည့်မျိုးနဲ့ သနား ကြတယ်။

တစ်ချို့ လူတွေကတော့ မကြာခင် အဆင်ပြေ သွားမှာပါ ဆိုပြီး နှစ်သိမ့် ကြတယ်။

တစ်ချို့ ကတော့ ရူးလိုက်တာ ဆိုပြီး မှတ်ချက် ချကြတယ်။

ဒါပေမယ့် သေချာတယ်။ ကိုယ့်ရဲ့ နားထဲမှာ ပတ်ဝန်းကျင်က စကားတွေ အစား အတိတ်တုန်းက သူ ပြောခဲ့တဲ့ စကားချို တွေပဲ တဝဲလည်လည် ကြားယောင် နေတယ်။

အချိန်တွေ ကြာလာတော့ လက်မခံ ချင်တဲ့ အမှန်တရား တစ်ခုကို ကိုယ် လက်ခံခဲ့ ရတယ်။

သူ မရှိတော့ဘူး။ သူ ပြန်မလာတော့ဘူး။ သူ မေ့ပျောက်သွားပြီ။ ခါးလွန်းပေမယ့် လက်ခံ လိုက်ရတယ်။ သူ မရှိတော့ပေမယ့် ကိုယ်ကတော့ ရှိနေတုန်း။

သူ မပါတော့တဲ့ ကိုယ့်ဘဝကို တည့်မတ်အောင် ပြင်ဆင် ရတယ်။ လဲပြိုခဲ့တဲ့ ခြေလှမ်းတွေကို အားတင်းပြီး ဆက်လျှောက် ရတယ်။ သူ ဆိုတဲ့သူက ကိုယ့်ဘဝရဲ့ အတိတ်မှာ ကျန်ခဲ့ပေမယ့် ကိုယ်ကတော့ ရပ်တန့်လို့ မရခဲ့ဘူး။ အရှိန်မပြတ် ခုတ်မောင်းနေတဲ့ ဘဝထဲမှာပဲ အလိုက်သင့် စီးမြော ခဲ့ရပြန်တယ်။

နောက်တော့ “သိပ်ချစ်တယ်’ ဆိုတဲ့ အတွဲ လေးတွေ မြင်ရင် ခပ်ထွေထွေလေး ငေးမော တတ်လာတယ်။ သိပ် နာကျင်တယ် ဆိုပြီး အသည်းကွဲတဲ့ သူတွေ တွေ့ရင် ခပ်မဲ့မဲ့လေး ပြုံး တတ်လာတယ်။

ဒီလိုပါပဲ.. နာကျင်မှုတွေ ခံစားပြီးတဲ့ နောက်ပိုင်းမှာတော့ ရင့်ကျက်ခြင်း အတွေးတွေကို ပိုင်ဆိုင် လာတတ်ပါတယ်။

credit to original post

No comments

Powered by Blogger.