Header Ads

❤ချစ်သူကိုအရမ်းချစ်မိသွားရင် ဖြစ်ပေါ်လာတာ ဒီ(၉)ချက်ပါ❤


💓💓💓💓💓💓💓💓💑
၁။ သူအနားမှာ ရှိနေရရင် ဘဝတစ်ခုလုံး ပြည့်စုံနေသလို အရမ်းပျော်နေမိတယ်။

၂။ သူနဲ့ပတ်သတ်တဲ့ အသေးအမွှား လေးတွေကအစ သေချာ ဂရုစိုက် ပေးနေမိတယ်။

၃။ သူနဲ့ အဆက်အသွယ် မရတဲ့အခါ အရမ်းစိတ်ပူမယ်၊ သူဘာတွေ လျှောက်လုပ်နေတာလဲ ဘယ်သူနဲ့ ရှိနေလဲပေါ့။

၎။ သူနဲ့စိတ်ဆိုး စိတ်ကောက်ကြတိုင်း တစ်လောကလုံးက ကိုယ့်ကို ဥပေက္ခာ ပြုထားသလိုမျိုး ခံစားနေရတတ်တယ်။

၅။ ကိုယ့်ချစ်သူ မှားမှားမှန်မှန် သူ့ဘက်က အမြဲ ရပ်တည်ပေး နေတတ်တယ်။

၆။ အဆင်မပြေတဲ့ အချိန်တိုင်းလဲ ပြန် အဆင်ပြေသွားမယ် ဆိုတာ သိပေမဲ့ ဟိုတွေး ဒီတွေးနဲ့ ကိုယ့်ကိုယ်ကို နာကျင်ခံစား နေတတ်ကြတယ်။

၇။ သူရဲ့ စိတ်ဓာတ်ကျမှုတွေကို ခွန်းအားအဖြစ် ပြောင်းလဲအောင် ကိုယ့်က ဖေးမကူညီ ပေးနေမိတယ်။

၈။ သူများအတွက် သူက ဘာမှမဟုတ်တဲ့သူ တစ်ယောက်ဖြစ်နေပါစေ ကိုယ့်အတွက်ကတော့ ဘဝမှာ အရေးပါဆုံးသော လူတစ်ယောက်အဖြစ် လက်ခံထားကြတယ်။

၉။ သူ့အပေါ်မှာ အတတ်နိုင်ဆုံး နားလည်ပေးပြီး သာယာတဲ့ အချစ်တစ်ခု ဖြစ်အောင် အမြဲကြိုးစား နေတတ်ကြတယ်။

credit to original

No comments

Powered by Blogger.