Header Ads

➰ ချစ်တဲ့သူက သစ္စာဖောက်သွားတဲ့အခါ 💔


💓💓💓💓💓💓💓💓👧
တချို့တွေ ရှိတယ်…။
ကိုယ်က သစ္စာရှိခဲ့ ပေမဲ့
သစ္စာဖောက်တာ ခံရပြီး အထားခံ ခဲ့ရတယ်။😅

တချို့တွေ ရှိတယ်…။
ကိုယ်က အကောင်းဆုံး နေခဲ့၊ ပေးဆပ်ခဲ့ပေမဲ့
စိတ်ကုန်တယ် အပြောခံရပြီး အထား ခံခဲ့ရတယ်။😅

တချို့တွေ ရှိတယ်…။
ကိုယ်က ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပေမဲ့
သူက ခဏတာ သာယာ မှုနောက် လိုက်သွားပီး
အထားခံ ခဲ့ရတယ်။😅

တချို့ တချို့ပေါင်းများစွာနဲ့
လူတွေ အများကြီးဟာ . .
သစ္စာဖောက်ခံရ၊ အထားခံရပီး
ကြေကွဲရ၊ ဝမ်းနည်းရ၊ ခံစားကြရတယ်။😅

ဒီတော့ သူတို့ ဘာဆက်လုပ်မလဲ…??😇

ကြေကွဲပြီး ထိုင်ငိုရင်း အချိန်ကုန်မလား?😊
သစ္စာဖောက်အကြောင်း ပြန်တွေးရင်း ခံစားနေမလား?😊
ကိုယ့်ဘဝကို အတိတ်ထဲမှာပဲ နှစ်ထားမလား?😊
သူနဲ့နောက် တယောက်ရဲ့ Fb Acc ကိုသွားသွား ကြည့်ပီး
ကိုယ်ဟာ အရှုံးသမား အဖြစ်ခံနေမလား?😊
.
မေးခွန်းပေါင်းများစွာနဲ့  . .
ကိုယ့်ကို မချစ်လို့ ထားသွားတဲ့သူ၊
ဝေးနေတာကို အခွင့်ကောင်းယူ သစ္စာဖောက် သွားတဲ့သူ၊ စိတ်ပျက်တယ် ပြောပြီး ချန်ထားခဲ့တဲ့သူ တစ်ယောက်အတွက် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ပေးပြီး ရှေ့မဆက် သင့်တော့ဘူး။😊

ဒီတော့ …

(1) သူ့Acc ကို လုံးဝ မ Block ပါနဲ့ !
သူ မရှိလည်း ကိုယ့်ဘဝကို ရပ်တည်နိုင်တဲ့ အကြောင်း ပြပါ…။😋
သူ့ဘက်က စပြီး Block သွားရင်တော့ ကျေးဇူးတင်လိုက်ပါ။
ကိုယ် တင်သမျှတွေက သူ့ကိုပြောတယ် ထင်နေပြီး
အနာရှိ တဲ့အတွက် စပ်သွားလို့ နေမှာပါ…။😂

(2) သူနဲ့ပတ်သတ်သမျှ အမှတ် မရကောင်းတဲ့ အရာတွေ
အကုန် ဖျက်လိုက်ပါ။ Ph ထဲရှိနေရင် SD card လေးပါတယ်…။😂

(3) လောကကြီးရဲ့ အပြင်ဘက်ကို ထွက်ကြည့်လိုက်ပါ။
လူတွေ ဘယ်လို လှုပ်ရှား ရုန်းကန် နေသလဲဆိုတာ သိရတာပေါ့…။☺

(4) ရှေ့ဆက်မဲ့ဘဝမှာ ဆက်လုပ်မဲ့ Planတွေကို
Note book ထဲ ချရေးထားပါ။
တစ်ခုချင်းစီကို လက်တွေ့ အကောင်အထည် ဖော်ပါ။
ကိုယ့်ကိုယ်ကို အရင်ကထက် ၂ဆ၊ ၃ဆ
ပိုတော်လာအောင် လုပ်ပါ…။☺
   
(5) အကြောင်းတိုက်ဆိုင်လို့ တစ်နေရာရာ မှာ ပြန်တွေ့ခဲ့ရင်တောင်
ကိုယ်က အထက်စီးကနေ အပြုံးနဲ့ရင်ဆိုင်နိုင်တဲ့
ထက်မြတ်တဲ့သူ တယောက်အဖြစ် ပြောင်းလဲလိုက်ပါ…။😎

Oဋ်ဆိုတာ လည်တတ်မြဲ ဖြစ်တာကြောင့် . .
မင်း ဝဋ်ကြွေးကုန်လို့ သူ့ဝဋ်ကြွေး စရင်
မင်း ပြုံးပြတိုင်း သူမျက်ရည် ကျနေရလိမ့်မယ်…။😂

အသေ လန်းလာမဲ့ မင်းရဲ့အဘိဓာန် ထဲကနေ
သစ္စာဖောက်ရဲ့ နာမည်ဆိုးကို ချေဖျက်လိုက်ပါ။😋

ခွေးငတ်ဟာ ဖိနပ်ပြတ်ပဲကြိုက်တယ်။😋
ညံ့ဖျင်းသူဟာ သူ့ထက်မသာတဲ့ သူကိုပဲ ရွေးတယ်။😋
ပင်ကိုယ် အရည်အချင်း မရှိသူဟာ
သူများ ဂုဏ်ကို မှီတည်ပြီး နေတယ်။😋

ခုံဖိနပ် နဲ့ Hotel က Dinner ၊
သူတောင်းစားနဲ့ ရွှေခွက် မတန်သလို 😂
သစ္စာ မရှိသူ ဟာလည်း အချစ်စစ်နဲ့ မတန်ပါဘူး။😋

ညံ့ဖျင်းတဲ့သူ၊ အရည်အချင်း မရှိတဲ့ သူဟာ . .
အပြင်ပန်းကို ကြည့်ပြီး ရွေးချယ်တတ်သလို😂

ထက်မြတ်တဲ့သူ၊ အရည်အချင်းရှိသူဟာ . .
သစ္စာတရား၊ မေတ္တာတရား ကိုကြည့်ပီး
ဘဝတစ်ခုကို အတူ ကြိုးစား ဖြတ်သန်း ရုန်းကန်နိုင်တဲ့
လက်တွဲဖော်ကိုပဲ ရွေးချယ်ကြတယ်…။😋

ကိုယ့်ကိုမချစ်တဲ့သူတယောက် ထားသွားခြင်းဟာ ကိုယ့်ကို သေအောင်ချစ်မဲ့ လူတယောက်ကိုရဖို့ 
လောကကြီးက အခွင့်အရေး ပေးလိုက်တာပါ။😍

ပြောရရင် ရှင်ဘုရင် လာမှာမို့
သူတောင်းစား လမ်းဖယ်ပေးတယ် လို့သာ မှတ်ပါလေ…။😝

ဒီတော့ ကိုယ့်ဆီရောက်လာမဲ့ အနာဂတ် လက်တွဲဖော်ကောင်း ကို
ရင်ဘတ်ထဲ ဘာအမှိုက်မှ မထားပဲ
အချစ်စစ်နဲ့သာ စောင့်နေလိုက်ပါ…။😋💗

#EeCk

No comments

Powered by Blogger.