Header Ads

သန္တာလှိုင်ရေးတဲ့ မိန်းမသားတို့အတွက် အဖိုးတန်စာစု 💘


💓💓💓💓💓💓💓💓💑
မိန်းမသား တွေ အတွက် မှတ်သားဖို့ ကောင်းတဲ့ သန္တာလှိုင် ရဲ့ စာစုလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။

သန္တာလှိုင် က ဒီစာ ကို ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁၀ ရက်နေ့ က ရေးခဲ့တာပါ။ သန္တာလှိုင် ဟာ သူ့ဘ၀ အတွက် အဖော်မွန် နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နဲ့ ရုံးတက် လက်မှတ် ထိုးခဲ့ပါတယ်။ ဖတ်ကြည့် လိုက်ရအောင်နော် ပရိသတ်ကြီး ။

မိန်းမ တွေရဲ့ လိုအပ်ချက်က ကျွန်မ အနေနဲ့ အခု သေချာတာကတော့ လုံခြုံမှု လို့ ပဲ ဆုံးဖြတ်လိုက်ပြီ။ အခုတော့ ကျွန်မ ဘဝလေးက လုံခြုတယ်လို့ ခံစားနေရပါပြီ။

အားကိုးတယ် ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ် ကို အရင် ဖွင့်ပါရစေနော်….. အားကိုး အားထိုက်တယ် ဆိုတာ ဝင်ငွေ ရှာပြီး မိန်းမ ကို အကုန်အပ် လိုလေသေး မရှိအောင် ထားနိုင်တာကို ဆိုလိုတာ မဟုတ်ဘူးနော်။

လူဦးနဲ့ တစ်ဦး လိုအပ်ချက်တွေ စိတ်ဓာတ် တွေ ယုံကြည်မှူ တွေ မတူသလို အားကိုးရတဲ့ နေရာမှာ စိတ်ဓာတ် ရေးရာ လူမှူရေးရာ စီးပွားရေးရာ တွေမှာလဲ တူမှာ မဟုတ်ပါဘူး။ ကိုယ်နဲ့ လက်တွဲလို့ တစ်သက်လုံး စိတ်ချမ်းသာ ရမယ် ဆိုတဲ့ လုံခြုံမှူကို ပေးနိုင်ရင် အားကိုးရတယ် လို အကြမ်းဖြင်း သတ်မှတ်ကြပါစို့….

မိန်းမ ဆိုတာ အားကိုး ချင်လို့ ယောက်ကျား ကို အဖော်အနေနဲ့ လက်တွဲကြတာ များတယ်လေ။ ကျွန်မ လဲ မိန်းမသားပါ  အာကိုးချင်လို့ အိမ်ထောင် ပြုခဲ့ တာပေါ့။ ဒါပေမယ့် အများအားဖြင့် ဖြစ်သွားတတ်တာက ယောက်ကျား ကို အားကိုး ချင်လို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ယူထားပေမယ့်လဲ ငယ်တုန်းက တစ်ယောက်ထဲ နေရမှာ ကြောက်တာလေး တစ်ခုကြောင့်.. တစ်ကိုယ်ကောင်း ဆန်တဲ့ စိတ်နဲ့ ဒီတစ်ယောက်ကိုပဲ ချစ်တယ်လို့ ထင်ပြီး ယူလိုက်တာလား?
.
ဒါမှမဟုတ် ပတ်ဝန်းကျင်က ပြောမှာ ကြောက်လို့ သူက ကိုယ့်အတွက် မကောင်းတော့ဘူးဆိုတာ သိသိကြီးနဲ့ ၂ ယောက်စလုံး ရဲ့ အချိန်တွေကို ဖြုန်းပြီး ဆက်လက်ပြီ ကုပ်ကပ်နေဖြစ်တာ လား? ဒါမှ မဟုတ် လက်ရှိ အခြေအနေကနေ ပြန်နောက်ဆုတ် သုည ကနေ သို့မဟုတ် အနုတ်ကနေ ပြန်စ ရမှာ ကြောက်လို့ ဆက်ပြီး ဆယ်ဖို့ ကြိုးစားနေတာလား? 

သို့မဟုတ် သားသမီတွေကြောင့် လို့ဆိုတဲ့ အကြောင်းပြချက် တွေ မျိုးစုံနဲ့ တကယ်အားလဲ မကိုးရတောတဲ့ အချိန်မှာ ဖြစ်ညှစ်ကပ်သတ်ပြီး နေနေတာ ကိုယ့်ကိုယ်ကို တရားမျှတရဲ့လား လို့ စပြီး သုံးသတ်တတ်လာတဲ့ အချိန်က ကျွန်မ တစ်ကိုယ်ကောင်း မဆန်တော့ပဲနဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အနေအထားတစ်ခုကို ပြောင်းဖို့ ကြိုးစားတော့တာပါပဲ။အပြစ်ဆိုတာ အခြားလူကို တင်ဖို့ မဟုတ်ပါဘူး သုံးသတ်ဖို့လို့ မြင်ပါတယ်။
.
အားကိုး ချင်ရင် တကယ် အားကိုး ထိုက်တဲ့ လူမျိုးကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ မိန်းမ ဖြစ်နေရမယ်လေ။ ကိုယ့်ကိုယ်ကို သိတတ်တဲ့ မိန်းမဖြစ်မှ ရမယ်လို့ ကျွန်မယုံကြည်ပါတယ်။လူတိုင်းတော့ ဒီသဘောတရားကို ကျွန်မ နဲ့ သဘောတူချင်မှ တူမယ်။

ကျွန်မကတော့ ဘယ်သူမပြု မိမိမှူပဲ လို့ ခံယူတယ်။အားမကိုးရတာကို သူများကို အပြစ်မတင်ပဲနဲ့ ကိုယ်နဲ့သာ ဆိုင်ပါတယ်လို့။ လူဆိုတာ အချိန်နဲ့ အမျှ တိုးတက် ပြောင်းလဲနေသင့် ပါတယ်။ ကိုယ်ရော သူရော ပြောင်းလဲလာတာနဲ့ အမျှ အားကိုးရတယ် ဆိုတဲ့ အဓိပ္ပါယ်တွေ ကလဲ ပြောင်းလဲနေမှာမို့ နှစ်ဦး နှစ်ဘက် စလုံးသာ အတူ တိုးတက်ပြောင်းလဲ နေနိုင်မယ် ဆိုရင် တစ်သက်စာ တစ်ယောက်ကို တစ်ယောက် ငြီးငွေ့ဖို့ အခွင့်အရေး မရှိတော့ဘူးလေ။

papawady

No comments

Powered by Blogger.