Header Ads

ကော်နဲ့ကပ်ထားသလို ခွဲမရအောင်ချစ်​ပီး တစ်သက်လုံး လက်တွဲနိုင်မယ့် နည်းလမ်းများ 💑


💓💓💓💓💓💓💓💓💑
တစ်သက်လုံး ကော် နဲ့ ကပ်ထားသလို ခွဲမရအောင် ချစ်​ပြီး လက်တွဲချင်ကြရင် ဒီနည်းလေးတွေ လုပ်ပါ။ Relationship တစ်ခုမှာတော့ အရေးကြီးဆုံးကတော့ တစ်ယောက်ကို တစ်ယောက် နားလည် ပေးဖို့နဲ့ ယုံကြည် ပေးဖို့ပါပဲ။

အဲ့လို နှစ်ယောက်သား နားလည်မူနဲ့ ယုံကြည်မူ အပြည့်ရှိနေရင် တစ်သက်လုံး ကော် နဲ့ကပ်ထားသလို မကွဲတော့ပါဘူးနော်။ ကိုယ့် ချစ်သူ နဲ့ မခွဲတမ်းအတူ ရှိနေချင်ရင်တော့ စိတ်ကိုဖွင့်ထားပါ ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေကို တစ်သက်လုံး အမှတ်ရနေအောင် ဖန်တီးပေးပါ။

ဒီနည်းတွေကတော့ ကော် နဲ့ကပ်ထားသလို မခွဲတမ်းရှိနေမယ့် နည်းလေး တွေပဲဖြစ်ပါတယ်။

(၁) Facebook Password မတောင်းပါနဲ့

ဒီဟာမတိုင်ခင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု တည်ဆောက်ကြပါ။ တစ်ယောက်မယုံကြည်ရမယ့်ကိစ္စ တစ်ယောက်က မလုပ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ရှိသွားရင် ဒီ fb pw တွေဘာတွေကို တောင်းနေဖို့မလိုတော့ပါဘူး။ အဲ့ဒါကြောင့် တစ်ယောက်ကို တစ်ယောက် ယုံကြည် အောင်နေကြပါ။

(၂) ခရီး အတူ ထွက်ကြပါ

Sex ကိစ္စတွေမပါဘဲ ချစ်သူ နှစ်ယောက် အတူ ခရီး ထွက်ကြည့်ပါ။ ဒါမှ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာပြီး နားလည်မှု တွေ ယုံကြည်မှု တွေ ပိုရှိလာမှာပါ။ ခရီး တစ်လျှောက်လုံးမှာ နှစ်ယောက် အတူ ရှိနေရတော့ ဂရုစိုက်မူ တွေ နွေးထွေးမူတွေပါ ပိုပြီး ခံစားလာရမှာပါ။

တစ်ယောက်နဲ့ တစ်ယောက်လည်း ကူညီတတ်လာမယ်။ အတွေ့အကြုံ တွေပိုရလာမယ်။ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက် ပိုပြီး နီးစပ်လာမှာပါ။ ကိုယ့် လိပ်ပြာ ကိုယ်လုံရင် ချစ်သူ နစ်ယောက်အတူ ခရီးထွက်ကြည့်ပါ။

(၃) တစ်ယောက်ကိုတစ်ယောက် လွတ်လပ်ခွင့် ပေးထားပါ

Relationship တစ်ခုကြာလာရင် ချစ်သူ နှစ်ယောက် တွေ့ချိန်တွေ အရင်ကထက် များလာတယ်။ အဲ့လိုတွေ့ချိန်များရင် သံယာဇဉ် ပိုလာကြတာ မှန်ပါတယ်။ ဒါပေမယ့် relationship အတွက် မကောင်းပါဘူး။ တကယ်ပဲ သူ့နဲ့အတူ မခွဲတမ်း လက်တွဲ ချင်တယ်ဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် လွတ်လပ်မှု ပေးထားပါ။ ကိုယ် ၀ါသနာ ပါရာ ကိုယ်လုပ်ပါ။

ကိုယ် စိတ်ဝင်စား တဲ့အရာတွေလုပ်ကြည့်ပါ။ ဥပမာ- ဂိမ်းဆော့တာတို့၊ ပန်းပင်စိုက်တာတို့လိုပါ။ ကိုယ့်ရဲ့တစ်နေ့တာကို စိတ်ဝင်စားအောင်လုပ်ပြီး သူ့ကို ပြန်ပြောပြပါ။ အဲ့ဒါဆို နှစ်ယောက်စလုံးအတွက် မပျင်းရတော့ဘဲ အချစ်တွေပိုပြီး ခိုင်မြဲလာမှာပါ။

(၄) အချိန် ပေးကြပါ

တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်မှု ပေးပြီးကြရင် တစ်ယောက်နဲ့တစ်ယောက်လည်း အချိန် ပေးကြပါ။ တစ်ယောက်ရဲ့ တစ်နေ့တာ အကြောင်းတွေပြောကြရင် တန်ဖိုး ရှိတဲ့ အချိန် တွေကို ကုန်ဆုံးလိုက်ပါ။ တချို့တွေက တစ်ယောက်နဲ့ တစ်ယောက် အချိန်တိုင်း တွေ့ချင်နေကြတယ်။ အဲ့ဒါက relationship တစ်ခုကို ခိုင်မြဲစေမယ်လို့ တွေးနေတာ မမှန်ပါဘူး။

ကိုယ့် ၀ါသနာ ပါတာကို လုပ်လိုက်ရင် တစ်ယောက်နဲ့တစ်ယောက်လည်း ပြောစရာစကားတွေ ပိုရလာမယ်။ အတွေးချင်း၊ အမြင်ချင်းလည်း ဖလှယ်လို့ရပါတယ်။ အဲ့လိုဆိုပိုပြီး အကျိုးလည်းရှိသလို အချစ်လည်း ခိုင်မြဲကြမှာပါ။
💓💓💓💓💓💓💓💓💑

crd - Original

No comments

Powered by Blogger.