Header Ads

" မောင်" လို့ 💑 ချစ်သူမိန်းကလေးက ခေါ်တဲ့အခါ💘


💓💓💓💓💓💓💓💓💑
မင်းကောင်မလေးက…
မင်းကို " မောင်" လို့ ရင်ထဲက ပါပါနဲ့ အမြတ်တနိုးခေါ်ခဲ့ရင် ပက်ပက်စက်စက် ဂုဏ်ယူလိုက်ပါ ပီတိ ဖြစ်နေလိုက်ပါ။

ဘာကြောင့်လဲဆိုတော့…
ကောင်မလေးတွေက သူတို့ အသက်နဲ့ ထပ်တူချစ်ရတဲ့သူ (သို့) ဘဝတစ်သက်တာ လက်တွဲဖို့ ရည်ရွယ်ထားတဲ့သူ ဒါမှမဟုတ်… တစ်ကယ် ကြွေမိတဲ့သူ မို့လို့သာ " မောင်" လို့ခေါ်တာလေ။

မင်းကောင်မလေးက…
မင်းရဲ့ အားနည်းချက်လေးတွေကို အပြစ် မမြင်ပေးခဲ့ရင် အားရဝမ်းသာလိုက်ပါ ပျော်နေလိုက်ပါ။

ဘာကြောင့်လဲဆိုတော့…
ကောင်မလေးတွေက အားနေ သဝန်တိုတတ်တဲ့ အမျိုးလေ… မချစ်ဘဲနဲ့ စိတ်ထဲမရှိဘဲနဲ့တော့
ခွင့်လွှတ်ပေးတတ်ဖို့ ရှော်ပေးဖို့ ရှိပါ့မလား။

မင်းကောင်မလေးက… 📞 ဖုန်း တဂွမ်ဂွမ်ဆက် တွယ်ကပ်နေရင် ကော်လံကို ဆွဲတင် ဘဝင်တွေ မြင့်နေလိုက်ပါလေ။

ဘာကြောင့်လဲဆိုတော့…
ကောင်မလေးတွေက အအိပ်အစား လွပ်လပ်မှုကို သိပ်မက်တာ… မင်းကို သူ့ဘဝထဲ နေရာပေး မထားမှတော့ အိပ်လိုက် စားလိုက် ဘဝထဲက ပြေးထွက်လာဖို့ ရှိပါ့မလား။

မင်း ကောင်မလေးက…
Mention တွေ ခေါ်နေပြီဆိုရင် လေထဲမှာသာ မြောက်တက် နေလိုက်တော့ ပြန်ကိုမကျနဲ့။💃

ဘာကြောင့်လဲဆိုတော့…
ကောင်မလေးတွေက လူတိုင်းကို အဖက် လုပ်တာမဟုတ်ဘူး… မင်းကို တန်ဖိုးမထားမှ Feel မထားမှတော့ မာနကြီး တစ်ခွဲသား ခပ်ချေချေ အထာနဲ့ဘဲ နေမှာပေါ့။

မင်းကောင်မလေးက…
မင်းအတွက်နဲ့ မျက်ရည်တွေ ကျနေတတ်ပြီဆို ဖိတ်စာ တစ်ခြမ်းသာ ပြေးရိုက် ထားလိုက်ပေတော့။

ဘာကြောင့်လဲဆိုတော့…
ကောင်မလေးတွေက တော်ရုံလူအတွက် ငိုကြွေးခဲတယ်… မင်းကို ခံစားလို့မရမှ ဂရုမစိုက်မှတော့ Online သုံးလိုက် Shopping ဒိုးလိုက် ခမ်းနားတဲ့ ဘဝလေးထဲက ရုန်းထွက်လာဖို့ ရှိပါ့မလား။     ။
 💓💓💓💓💓💓💓💓💑
                                       #s_m

No comments

Powered by Blogger.