Header Ads

➰ သင့်ချစ်သူက သင့်အပေါ်ကို စိတ်ကုန်နေကြောင်း သိနိုင်တဲ့အခြေအနေများ 😔


★ ★ ★ ★ ★ ★ ★ ★ ★
ချစ်ခြင်းမေတ္တာဆိုတာ လွယ်လင့်တကူ ပျက်ပြယ်ဖို့ ခက်ခဲတယ် ဆိုပေမယ့်လည်း အခြေအနေ အကြောင်းတရားမျိုးစုံက ဖန်တီး လာခဲ့တဲ့ အခါ မမျှော်လင့် တတ်တာတွေလည်း ဘ၀မှာ ဖြစ်လာ နိုင်ပါတယ်။

ဒါကြောင့် ကိုယ်အပေါ် တကယ် ချစ်မြတ်နိုးတယ် လို့ ထင်ခဲ့မိတဲ့ ချစ်သူကတောင် မမျှော်လင့်ပဲ ရုတ်တရက် စိတ်သဘော ထားတွေ ပြောင်းလဲ သွားတတ် တာမျိုးကို  စိတ်မကောင်းစွာနဲ့ ကြုံတွေ့ ရတတ်ပါတယ်။

ဘယ်လို အခြေအနေတွေကို ဆက်တိုက် ကြုံလာရရင် သင့်ချစ်သူက သင့်အပေါ် စိတ်ကုန်နေပြီ လို့ ယူဆလို့ ရကြောင်း ဖော်ပြလိုက် ပါတယ်နော်။

၁) အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ စကားများခြင်း

အသေးအဖွဲ ကိစ္စလေးတွေ ကိုတောင် သည်းမခံတော့ဘူး၊ ပြသနာတိုင်းကို ပြေလည်အောင် ညှိနှိုင်းလို့ မရနိုင်တော့ဘူး ၊ သူ့ဖက် ကိုယ့်ဖက် တစ်ဖက်စောင်းနင်း သဘောထားတွေနဲ့ အမြဲပဲ ငြင်းခုံ စကားများနေရပြီ ဆိုရင်တော့ မကောင်းမွန်တဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။

(၂)အပြန်အလှန် နာကျင်အောင် ပြုလုပ်ခြင်း

သင့်ချစ်သူက သင့်ရဲ့ ရုပ်ပိုင်း ဆိုင်ရာကို ဖြစ်စေ ၊ စိတ်ပိုင်း ဆိုင်ရာကို ဖြစ်စေ နာကျင်အောင် ပြုလုပ်ဖို့ ၀န်မလေး တော့ဘူး ဆိုရင်တော့ သင့်အပေါ် ချစ်မြတ်နိုးစိတ် ကုန်ခန်း နေပြီလို့ ဆိုလို့ရပါတယ်။

၃) လူရှေ့ သူရှေ့မှာ အရှက်တကွဲ အကျိုးနည်းစေခြင်း

ဘယ်လို ချစ်သူမျိုး မဆို ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘ၀အတွက် အရေးပါ အရာရောက်သူ တစ်ဦးအဖြစ် အမြဲတမ်း တန်ဖိုးထား ဆက်ဆံ တတ်ကြပါတယ်။ အားလုံးရဲ့ အရှေ့မှာ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာ ၊ မာနတရားနဲ့ အရှက်တရား တွေကို ညှိုးနွမ်း ပျက်စီးစေမယ့် အရာတွေကို ကိုယ် အမူအယာနဲ့ ဖြစ်စေ ၊ နှုတ်အမူအယာနဲ့ ဖြစ်စေ ပြုလုပ်လေ့ မရှိတတ် ကြပါဘူး။ ဒီလိုမှ မဟုတ်ပဲ ဆန့်ကျင်ဖက် ဆိုရင်တော့ သင့်ရဲ့အချစ်ရေးကို ပြန်လည် စဉ်းစားဖို့ သင့်ပါပြီ။

၎) ပေါ့ပျက်ပျက် ကတိစကားတွေ ပေးခြင်း

ပေးခဲ့ဖူးတဲ့ ကတိ စကားတွေကို အမြဲတမ်း မေ့လျော့ နေတတ်ပြီး တည်မြဲအောင် လုပ်ဖို့ ဘယ်တော့မှ စိတ်ကူး မရှိတော့ပါဘူး။ လွယ်လွယ်နဲ့ အမြဲ ကတိပေးပြီး လွယ်လွယ် ကူကူ အမြဲ ဖျက်ဖို့လည်း ၀န်မလေး တော့ပါဘူး ။

၅) အချိန် မပေးနိုင်ခြင်း

သူ့ရဲ့ တစ်နေ့တာ လည်ပတ်မှုမှာ သင့်အတွက် ခဏတာ ဆိုတဲ့ အချိန်လေးကိုတောင် ပေးနိုင်ဖို့ မကြိုးစားတော့ ပါဘူး ။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဦးနှောက် ထဲမှာရော နှလုံးသား ထဲမှာပါ သင့်အတွက် နေရာ မရှိတော့လို့ ထည့်သွင်း စဉ်းစားပေးနိုင်ခြင်း မရှိတော့ တာလည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေ ဆက်တိုက်ကို ကြုံလာရပြီ ဆိုရင်တော့ ကိုယ့်ရဲ့ အချစ်ရေးလေးကို သေသေချာချာလေး ပြန်လည် စဉ်းစားသုံးသပ် စေချင်ပါတယ်။

ဘော်ဒါတို့လည်း ဒီစာလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့နဲ့အုံးနော်

credit to upup

No comments

Powered by Blogger.