Header Ads

➰ အရယ်သန်သူတွေရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ😃


★ ★ ★ ★ ★ ★ ★ ★ ★
အရယ်သန်သူတွေ တော်တော် များများကို တွေ့ဖူး မြင်ဖူး ကြမှာပါ။ သူတို့ဟာ ယျေဘုယျအားဖြင့် စိတ်ရှုပ် ဒေါသထွက်စရာ တွေကို ကြာကြာ ခံစားတတ်လေ့ မရှိပဲ အကောင်းမြင် စိတ်နဲ့ လောကကြီးကို ကြည့်ရှုတတ် သူတွေပေါ့။

သူတို့ဟာ ကိုယ်တိုင်လည်း ကြာကြာ စိတ်ညစ်မခံ သလို ပတ်ဝန်းကျင် ကိုလည်း စိတ်ဆင်းရဲ စရာတွေ မပေးလိုတဲ့ ချစ်စရာ ကောင်းတဲ့ လူစားမျိုး တွေပါ။

ဒီတစ်ခေါက်မှာတော့ အဲ့လို အရယ်သန် သူတွေရဲ့ အချို့ အကြောင်းလေး တွေကို ဖော်ပြလိုက် ပါတယ်နော်။ ကိုယ့် သူငယ်ချင်းထဲမှာ အဲ့လိုလူတွေ ရှိရင်လည်း အောက်မှာ mention ခေါ်ပေးခဲ့လိုက်အုံး။

☑ စိတ်ပျိုတော့ ကိုယ်နု

အဲ့လို အရယ်သန်သူတွေဟာ လက်ရှိ ရှိရင်းစွဲ အသက်ထက် ပိုမို ငယ်ရွယ်တယ်လို့ အထင်ခံရတတ်ပြီး အမြဲတမ်း နုပျိုနေတတ်သူ တွေပါ။

☑ လူချစ်လူခင် ပေါများ

အမြဲတမ်း သုန်မှုန်နေတဲ့ မျက်နှာထား ပိုင်ရှင်တွေထက် အဆတစ်ရာလောက် လူချစ်လူခင် ပိုခံရတတ်တဲ့ လူမျိုးတွေပါ။ သူတို့ ဟက်ဟက်ပက်ပက် ရယ်မောတဲ့ အခါတိုင်း ရိုးသားတဲ့ စိတ်ရင်းကို အထင်းသား မြင်တွေ့ရလို့ အဲ့လို အားလုံးက ချစ်ခင်ကြတာ ဆိုလည်း မမှားပါဘူး။

☑ ခွင့်လွှတ် လွယ်တတ်သူတွေ

အဲ့လို လူမျိုးတွေဟာ ရန်သူတွေ အပေါ် အမှတ်သည်းခြေ မကြီးပဲ အလွယ်တကူ နဲ့လည်း ခွင့်လွှတ်တတ် ကြပါသေးတယ်တဲ့ ။ ဒေါသထွက် စရာတွေကို ကြာကြာ သိမ်းမထားတတ်ပဲ လွယ်လွယ် မေ့ပျောက်လွယ် တတ်ကြသူတွေပေါ့ ။

☑ ပတ်ဝန်းကျင်ကို အာရုံမစိုက် တတ်သူတွေ

သူတို့ဟာ ပတ်ဝန်းကျင်တွေ ၊ နေရာဒေသ တွေကိုလည်း သိပ်ပြီးတော့ ဂရုမစိုက်မိတတ် သူတွေဖြစ်ပါတယ်။ သူတို့ သဘောကျတဲ့ တစ်စုံတစ်ရာကို တွေ့မြင်ပြီ ဆိုရင် စိတ်လွတ် လက်လွတ်နဲ့ အားပါးတရ ရယ်မောတတ်တာကြောင့် ထိန်းချုပ်နိုင်စွမ်း နည်းပါးသူတွေ လို့လည်း ဆိုနိုင်ပါတယ်။

☑ ကိုယ့် အမှားတွေ ကိုလည်း ရယ်ပစ်ဖို့ ၀န်မလေးဘူး

သူတို့ကိုယ်တိုင် ပြုလုပ်မိတဲ့ အမှားတွေကိုလည်း အမြဲတမ်း ရယ်မောပစ်တတ်ဖို့ ၀န်မလေး ကြသူတွေပါ။ မတော်တဆ အမှားလုပ်မိတဲ့အခါ အံ့သြထိတ်လန့် သွားရမယ့်အစား “ ဟယ် သွားပါပြီ ငါတော့ ဒါကို မှားလုပ်မိပြီ ” ဆိုပြီး ရယ်မော ပြောဆို တတ်သူတွေပေါ့။ ကိုယ့် အမှားတွေ အပေါ်မှာ နောင်တ ရဖို့လည်း ခဲယဉ်းတတ်သူတွေပေါ့။

🔴ဒီပိုစ့် ကို ကြိုက်နှစ်သက်တယ် ဆိုရင် ကိုယ့် ဘော်ဒါတွေ ဖတ်ဖို့ Like / Share လေး လုပ်သွားအုံးနော်။🔴

credit to#upupmm

No comments

Powered by Blogger.