Header Ads

အနမ်းနဲ့ ပတ်သတ်ပီး သင်မသိသေးတဲ့အချက်များ 💏


💓💓💓💓💓💓💓💓
1. လူတိုင်းက နမ်း တာကို လိင်ဆက်ဆံ ရတာထက်တောင် ပိုကြိုက်သေးတယ်

!သူတို့ကို ဘာလို့ နမ်းရတာ ကြိုက်တာလဲလို့ မေးလိုက်ရင် သူတို့ကလည်း ရှက်ပြုံးပြုံးနဲ့ ပျော်မွေ့လို့ လို့ပြောကြတယ်။ နမ်းတာက အဲ့ဒါထက်ပိုတဲ့ ခံစားချက် ကို ပေးစွမ်းနိုင်တယ်။

2. ကိုယ်ခံစွမ်းအား တိုးပေးတယ်

နယ်သာလန် နိင်ငံရဲ့ သုတေသန ပြုချက်အရ သင်နမ်းနေတဲ့ အချိန်မှာ ဘက်တီးရီးယား ပိုးမွှားသန်း 80 လောက်က သင့်ရဲ့ ပါးစပ်ထဲမှာ ရှိနေတယ်။ အဲ့ဒီ အများကြီးထဲကမှ ဘက်တီးရီးယားတစ်မျိုးက သင့်ကို အကျိုးပေးတဲ့ ဘက်တီးရီးယား ဖြစ်တယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအား တိုးဖို့အတွက်ပါ။ 

3. သွား ကျန်းမာရေး ကောင်းတယ်

နယူးယောက်ကဆရာဝန်တစ်ဦးက နမ်းခြင်း ဟာသွား ရည်ထွက်အားကောင်းအောင် လှုံဆော်ပေးပြီး အဲ့သွားရည်တွေက သွားထဲမှာရှိတဲ့ အက်ဆစ်ကို လျော့နည်းစေတယ်။ အဲ့ဒီအရာတွေက သင့် သွား ကိုပိုဖြူစေတယ်။ ဒါ့အပြင် အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးတယ်။ 

4. ဦးနှောက် တွေလည်း ကြည်တယ်

သင့်ကို မွေ့လျော်စေတဲ့အတွက် သင့်ကို ပျော်ရွှင်စေမှာ အမှန်ပဲ။ ကျွန်တော်တို့ ပျော်ရွှင် နေတဲ့အချိန် ဦးနှောက် ကလည်း သက်သောင့် သက်သာ ရှိတယ်။ အဲ့ဒါကြောင့် တယောက်ယောက်နဲ့ နမ်းတဲ့အချိန် ပျော်ရွှင်နေတာဟာ မဆန်းပါဘူး။

 5. သွေးတိုး နဲ့ ကိုလက်စထရော ဓာတ်ကို လျော့စေတယ်

အပိုပြောတာ မဟုတ်ပါဘူး။ တကယ့် ဖြစ်ရပ်ဖြစ်ပြီးသုတေသန လုပ်ထားတာ ဖြစ်တယ်။ ဒီအရာက သွေးတိုး နဲ့ ကိုလက်စထရော ဓာတ်ကို လျော့နည်းစေတာ အမှန်ပဲ !

 6. ကယ်လိုရီ လောင်ကျွမ်းပေးတယ်

နမ်း တယ်ဆိုတာကလည်းလေ့ကျင့်ခန်းလုပ်ပေးတာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ကြွက်သား တွေကိုအသုံးပြုရလို့ပါ။ တခေါက် နမ်း တာက 26 ကယ်လိုရီကိုလောင်ကျွမ်းစေပါတယ်။

 7. စိတ်ညစ်တာကို သက်သာစေတယ်

ဒီအချက်ကလည်း သုသေသန လုပ်ပြီးသား ဖြစ်တယ်။ စိတ်ညစ်နေတဲ့ လူတွေကို စုစည်းပြီး သူတို့နမ်းပြီးတဲ့နောက် အဲ့စိတ်ညစ်တာတွေက ပျောက်သွားတယ်။ ဒီအရာက သင့်ကို ပျော်ရွှင် မှုပေးနိုင်တယ် !

 Credit : original uploder

No comments

Powered by Blogger.