Header Ads

➰ သင့်ကိုတကယ်မချစ်ပဲ အသုံးချရုံတွဲတဲ့ ယွကျားလေးရဲ့ လက္ခဏာများ ➰


💓💓💓💓💓💓💓💓
သမီးတို့ရေ…
တစ်ခါတလေမှာ ကိုယ့်ဘက်ကတော့ အရမ်းချစ်ပေမယ့် ကိုယ့်ကို တကယ် ပြန်မချစ်ပဲ အသုံးချရုံသက်သက် တွဲတဲ့ လူတွေ ရှိနေတတ်ပါတယ်။

တကယ်လို့ မိမိ့်ချစ်သူဟာ ဒီအချက်တော်တော် များများနဲ့ တိုက်ဆိုင်နေတယ် ဆိုရင်တော့ သူလည်း တစ်ယောက် အပါအဝင် ဖြစ်နေလို့ပါပဲ။ အမြန်ဆုံး ဖြတ်နိုင်ဖို့ ကြိုးစားပါနော်။

(၁) သင့်ရဲ့ စိတ်ခံစားချက်တွေကို အလေးမထားဘူး

သင် ဝမ်းနည်းလို့ မရယ်နိုင်၊ မပြုံးနိုင်ဖြစ်နေတဲ့ အချိန်တွေမှာ သင့်ဘေးနားမှာနေပြီး သင့်ကို နှစ်သိမ့်ပေးတာ၊ ချော့မော့ပေးတာတွေ လုပ်ပေးရမယ့်အစား၊ သင့်ကို အတင်းပြုံးခိုင်းပြီး ပျော်ပျော်ရွှင်ရွှင် နေခိုင်းတဲ့ သူမျိုးပါ။ သူကတော့ သင်ပျော်တာပဲ မြင်ချင်တယ်ဆိုတဲ့ စကားမျိုးကိုပဲ ပြောမှာပါ။ အမှန်ကတော့ သင့်ကို ပျော်စေချင်လို့ မဟုတ်ပဲ သင့်ရဲ့ အပူတွေ သူ့ကို ကူးစက်မှာစိုးလို့ ဖြစ်ပါတယ်။ ဝမ်းနည်းနေတဲ့ သူတစ်ယောက် ချက်ချင်း ပြန်မပြုံးနိုင်တာကို မသိလောက်အောင် သူမရူးပါဘူး။

(၂) သင့်ရဲ့ အပေါ်ယံ အသွင်အပြင်ကပဲ သူ့အတွက် အရေးကြီးတယ်

သင့်ရဲ့ အားနည်းချက် တွေဖြစ်တဲ့ ဝတာ၊ ပိန်တာ၊ အသားဖြူတာ၊ မည်းတာတွေကို တစ်ချိန်လုံး အပြစ် တစ်ခုလို လိုက်ပြောနိုင်တဲ့သူပါ။ အဲလိုလူမျိုးဟာ သင့်ကိုယ်သင် ယုံကြည်မှုတွေကို လျော့စေပြီး အားငယ်စိတ်တွေကို ဝင်လာစေတဲ့ သူမျိုးပါ။ သင့်ရဲ့ အလှစစ်ထက် အပေါ်ယံ ရုပ်သွင်ကိုပဲ ကြည့်နေမှတော့ သင့်ကို တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ပေါ့နော်။

(၃) သာယာမှုတွေကိုပဲ လိုချင်တယ်

သူဟာ သင့်ဆီက လိင်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် သူ့ဘက်က သာယာမှုကိုပဲ လိုချင်ပါတယ်။ သင် စိတ်ညစ်နေတဲ့ အချိန်၊ ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ သင့်အနားမှာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ အကြောင်း အမျိုးမျိုးပြပြီး ရှောင်ဖယ်သွားတတ်တဲ့ သူမျိုးပါ။

(၄) ဘယ်တော့မှ သူ့ပိုက်ဆံ မထုတ်ဘူး

တစ်ခါတလေ သင်က ရှင်းပေးလိုက်တာ၊ ကျွေးလိုက်တာမျိုးတွေ ရှိတတ်တယ် ဆိုပေမယ့်၊ အမြဲတမ်း ဆိုရင်တော့ မဟုတ်သေးပါဘူး။ ပိုက်ဆံ ရှင်းရမယ့် အချိန်ရောက်တိုင်း သင့်တာဝန် လိုလို၊ သူနဲ့ မဆိုင်သလိုလို၊ လက်ပဲ မအားသလိုလို အမြဲ လုပ်နေရင်တော့ သင့်ကို ပိုက်ဆံအတွက် အသုံးချနေတာ ဆိုတာကို ကောင်းကောင်းကြီး သိသင့်နေပါပြီနော်။

(၅) သင့် သူငယ်ချင်းတွေက သတိပေးမယ်

သင့် သူငယ်ချင်းတွေက သူ့ကို ဘယ်လိုမှ နှစ်သက်ကြမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ထူးဆန်းပါတယ်။ သူငယ်ချင်းတွေမှာ သူတို့ သူငယ်ချင်းရဲ့ ချစ်သူက မဟုတ်တာ၊ မူမမှန်တာ တစ်ခုခုလုပ်ရင် အလိုလို သိနိုင်တဲ့ အာရုံ ရှိကြပါတယ်။ သူ့ရဲ့ အနေအထိုင်၊ အပြောအဆို တွေက တစ်ခုခု လွဲချော်နေတာ၊ ကောင်းပြလွန်းနေတာ မျိုးဆိုရင် သင့် သူငယ်ချင်းတွေက ချက်ချင်း သိနိုင်ကြပါတယ်။ ဒါကြောင့် သင့် သူငယ်ချင်းတွေက သတိပေးနေတယ် ဆိုရင်တော့ သင် ကောင်းကောင်း ပြန်စဉ်းစားသင့်ပါပြီ။
💓💓💓💓💓💓💓💓

crd to original

No comments

Powered by Blogger.