Header Ads

➰မိတ်ဆွေအဖြစ်ကနေ ထုတ်ပစ်သင့်တဲ့သူ (5)မျိုး😕


★ ★ ★ ★ ★ ★ ★ ★ ★
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တစ်ချို့ လူတွေက ဆက်လက်ပြီး ပတ်သတ် ဆက်ဆံဖို့ မကောင်းလောက်အောင် ဆိုးရွားတဲ့ အကျင့် စရိုက်တွေ ရှိတတ်ကြပါတယ် ။ ဒီလို လူမျိုးတွေက သင့်ရဲ့ မိတ်ဆွေ စာရင်းထဲမှာ ၀င်ရောက်နေပြီ ဆိုရင်တော့ သေချာပြန်လည် စီစစ်ဖို့ လိုအပ်လာပါပြီ ။ ဘယ်လို လူမျိုးတွေလည်း ဆိုတာ အောက်မှာ ကြည့်လိုက်ရအောင် ။

☑ အပြန်အလှန် လေးစားမှု မရှိသူတွေ

မိတ်ဆွေတွေ ကြားထဲမှာ ရိုသေမှု လိုအပ်တယ်လို့ မဆိုလိုပေမယ့် အပြန်အလှန် လေးစားသမှုတော့ ရှိဖို့ သင့်ပါတယ်။ သင့်ရဲ့ အမြင်တွေ၊ အယူအဆတွေနဲ့ ခံယူချက်တွေကို အမြဲတမ်း စော်ကား လှောင်ပြောင် နေတတ်တဲ့ လူမျိုး ဆိုရင်တော့ မိတ်ဆွေ စာရင်းက ခုပဲ ပယ်ဖျက်လိုက်ပါ။

☑ နောက်ကျောက ဓားတွေ

သင့်ကို ချစ်ခင်ပါတယ် လို့ ဘယ်လောက်ပဲ ပြောနေပေမယ့် ကွယ်ရာမှာတော့ အမြဲတမ်း သင့် မကောင်းကြောင်း တွေကိုသာ ပြောဆို နေတတ်ပြီး ၊ သင့်ရဲ့ လုပ်ရပ်တွေကို အပုတ်ချ အပြစ်တင် ချောက်တွန်းဖို့ ကြိုးစားနေတတ်သူ တွေပေါ့။

☑ မနာလို ၀န်တိုသူတွေ

သင့်ရဲ့ အောင်မြင်မှုတွေကို မျှဝေ မခံစားပေးနိုင်ပဲ အမြဲတမ်း မနာလို မရှုစိမ့် သဘောထားတွေနဲ့သာ ပြည့်နှက်နေသူ တွေပေါ့ ။ သူတို့ကသာ သင့်ထက် အရာရာ ထက်မြက် သာလွန် နေတယ်လို့ အထင်ရှိပြီး ထို အထင်အတိုင်း အမှန်တကယ် မဖြစ်ပေါ်လာတဲ့အခါ အမြဲတမ်း နောက်ကွယ်က J ၀င်နေတတ်သူ တွေပါ။

☑ လမ်းမှားပို့ သူတွေ

အမြဲတမ်း မကောင်းမွန်တဲ့ လုပ်ရပ်တွေကိုသာ အပြောချိုချိုလေး တွေနဲ့ တိုက်တွန်းတတ်ပြီး သင့်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကိုသာ အမြဲလိုလား နေတတ်သူတွေပါ။ ဒီလို မိတ်ဆွေမျိုးဟာ ဘယ်လိုမှ မစစ်မှန်တဲ့အတွက် သူတို့ရဲ့ ပြောစကားတွေကို နားမယောင်ပဲ သင်ကိုယ်တိုင် ချင့်ချိန် စဉ်းစားပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။

☑ အတ္တကြီး သူတွေ

အကူအညီ လိုအပ်ချိန်မှသာ သင့်ကို သတိတရ လိုအပ်ပြီး ကျန်တဲ့အချိန် တွေမှာတော့ ရှိတာတောင် မေ့နေတတ်သူ တွေပေါ့။ အစစ အရာရာ ကိုယ့်ဖက်ကိုပဲ အမြဲ ကြည့်တတ်ပြီး ကိုယ်ကောင်းစားဖို့ တစ်ပါးသူကို ချနင်းခြေပစ်ဖို့ ၀န်မလေးတတ်သူ တွေလည်း ဖြစ်ပါတယ်။

☑ ဘော်ဒါ တို့လည်း ဒီလို မိတ်ဆွေမျိုး တွေနဲ့ ယောင်လို့တောင် အပေါင်းအသင်း မလုပ်မိစေနဲ့နော်။ ဒီ စာလေးကို ကြိုက်နှစ်သက် ခဲ့တယ် ဆိုရင် Like ပီး Share လေး လုပ်ဖို့လည်း မမေ့နဲ့အုံး ။☑

©®[} #upup
မိတ် ဆွေ အ ဖြစ် က နေ ထုတ် ပစ် သင့် တဲ့ သူ (5) မျိုး 😕

No comments

Powered by Blogger.