Header Ads

"Single ဖြစ်နေလို့ အားငယ်စရာမရှိပါ"👍


★ ★ ★ ★ ★ ★ ★ ★ ★
ရည်းစားလား…
မထားတော့ပါဘူး သေရင် ကိုယ့်နောက်ပါမှာမှ မဟုတ်တာ။ (ကိုအကြည်တော်)

အချစ်လား…
မချစ်တော့ပါဘူး ကိုယ်ချစ်သလို သူက ပြန်ချစ်ရင်တော့ ကောင်းတာပေါ့။

အဖော်လား…
တစ်ခါတစ်လေ လူများရင် စကားများများ ပြောရတယ် ကိုယ်နဲ့စိတ်တူ ကိုယ်တူသူက ခပ်ရှားရှားရယ်။

ရည်းစားမရှိလို့ မျက်နှာ ငယ်ရကြေးဆိုရင် ရည်းစား ငုတ်တုတ်ရှိပီး ငိုနေရတာထက် သာပါတယ်။

အထီးကျန်မှုလား…
နေသားကျနေပါပီ ဘာလို့လဲဆိုတော့ အထီးကျန်နေရတာက အများအမြင်မှာ သနားစရာလို့ ထင်ရပေမယ့်
တကယ်နေတတ်သွားရင် ကိုယ့်ကိုယ်ကိုသာလျှင် ကိုယ့်ဘဝအတွက် စစ်မှန်တဲ့ အဖော်ဆိုတာ နားလည်လာတယ်။

အားငယ်မှုတွေလား…
ရှိဖူးတာပေါ့ ဒါပေမယ့် အားငယ်နေရတာထက် အဖော်ရှိပီး အားပြတ်နေတာက ပိုဆိုးမယ်လို့ ထင်လို့ပါ။

သတ္တိမရှိလို့လား…
သတ္တိအရမ်းရှိတာပေါ့ အကယ်၍ သတ္တိမရှိဘူးဆိုရင် အဖော်ရှာပီး လောကဓံကို ရင်ဆိုင်မှာပေါ့
ခုဟာက တစ်ကိုယ်တည်း လောကဓံရဲ့စိန်ခေါ်မှူတွေကို
တည်ငြိမ်စွာ ဖြတ်ကျော်နေတာပါ။

သိပ်တော်တဲ့ လူတွေဟာ လွယ်လွယ်နဲ့ ရည်းစား မထားတတ်သလို သိပ်သိလွန်းနေတော့ လွယ်လွယ်နဲ့ သူများသားသမီးကို ကိုယ့်ဘဝထဲ မဆွဲသွင်းကြဘူး

ဘာလို့လဲဆိုတော့ single ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရအောင် နှစ်ပေါင်း ၃၀ လောက် ရင်းနှီးခဲ့ကြရတာလေ။

Single ဆိုတာ အများအမြင်မှာ သနားစရာ ဆိုပေမယ့် သံယောဇဉ်ကြောင့် ကျတဲ့မျက်ရည် ကင်းမဲ့ဇုန်ဆိုတာ သူတို့သိရင် နောင်တ ရကုန်ကြလိမ့်မယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

No comments

Powered by Blogger.