Header Ads

အို (O) သွေး သမားများအကြောင်း


( အို သွေး )
====================
feel တစ်လိုင်းလို့ပြောလို့ရတဲ့သွေး
ခံစားလွယ်ပြီး ထိလွယ် ရှလွယ်တယ်
တစ်ခုခုဆို သွေးဆူမြန်သလောက် သွေးအေးတာလည်းမြန်တယ်
မဟုတ်မခံ ဇတ်ဇတ်ကြဲ သွေး
ဘေးမှာ မဟုတ်တာပြောရင်တောင် ဝင်ပါတတ်တယ်
မဟုတ်တာပြောလာရင် ပြန်ပြောလိုက်ရမှ စိတ်အေးတယ်
မပြောမိရင် တစ်စိမ့်စိမ့်နဲ့ တစ်နေကုန်နေရတာ မကောင်းပေ
အမှန်တရားအတွက်ဆို ပြန်ပြောတတ်တဲ့
အကျင့်ရှိပေမဲ့ တစ်ခါတစ်ရံတော့လည်း
မြွေပွေးလို နေတတ်သော သွေး ပင်
သူ့ရဲ့အမုန်းဆုံးက လိမ်တာပဲ
သူကိုယ်တိုင်လည်း မလိမ်တတ်ပေ သူများလိမ်တာလည်း မုန်းသည်
ကတိတရားကို လက်ကိုင်ထားတတ်သည်
အသေးအဖွဲကအစ ကတိတည်မှ ကြိုက်တတ်သော သွေး
ပြောပြီးဖြစ်အောင်လုပ်တတ်သူ
အပျင်းကြီးတဲ့နေရာလည်း နံပါတ်တစ်
တစ်နေကုန် အိပ်ပြီးလည်း နေနိုင်သည်
အားနာတတ်တဲ့နေရာလည်း နှစ်ယောက်မရှိ
ဘယ်သူ့ကိုမဆို အားနာတတ်လို့လည်း
ဒါကြောင့်ခံရတာတွေ များတဲ့ သွေး
ဘယ်အရာမဆို စဉ်းစားတတ်လွန်းတော့ 
ဥာဏ်ကြီးရှင်လိုလို ဘာလိုလိုနဲ့ နေတတ်သော သွေး

ထိုအချက်ကြောင့် အလုပ်တစ်ခုခုဆို 
သူများ လက်ဦးခံရတာ အများဆုံး
ဟာသ ပြောတတ်သလောက်
တစ်ခါတစ်ရံ ရုပ်တည်တည်နဲ့
နေတတ်သော သွေး
စိတ်ကူးယဉ်ဆန်ဆန် တွေးတတ်ပြီး
ပျော်နေတတ်တာလည်း ဒီ သွေး ပဲ
ပေါ့ပျက်ပျက်နေတယ် ထင်ရပေမဲ့
အရာရာကို တစ်ကွက်ကြိုတွေးတတ်တာလည်း
သူ့အပြင် နှစ်ယောက်မရှိ
သနားတတ်တာလည်း သူ့အပြင်မရှိ
သူသနားလာရင် သူစားမဲ့မုန့်တောင်
မစားပဲ ကျွေးတတ်သူ
ပြိုင်ရတာ ဝါသနာပါသလောက်
အနိုင်ရမှလည်း ကျေနပ်သူ
ဒါပေမဲ့ နေရာတိုင်းတော့ လိုက်မပြိုင်တတ်
သူတစ်ပါးကို အမြဲဦးစားပေးတတ်ပြီး
သူကိုယ်တိုင်က အမြဲနောက်မှနေတတ်သည်
တစ်ပါးသူ စိတ်ချမ်းသာအောင်ထားတတ်တဲ့
သွေး ဟာလည်း အို သွေး ဖြစ်သလို
ရစ်လုံး အများစုဟာလည်း အို သွေး ပဲ
စိတ်ညစ်နေသောသူများကို
ဖေးမတဲ့နေရာမှာ ဆရာကြီးတစ်ဆူမှာ
အို သွေး ပင်

သူရစ်တာက ချစ်စရာကောင်းသလောက်
အရစ်ခံရသူမှာ အရက်မသောက်ပဲ မူးဝေစေတယ်
တစ်ယောက်တည်း နေတတ်တာဝါသနာပါပြီး
ဆူညံ့သံတွေကို သိပ်မလိုလားတတ်သော သွေး
အတွေးများပြီး ဘယ်သူကိုမှ 
စကားမပြောတတ်တဲ့ အချိန်လည်း 
အို သွေးမှာ ရှိတတ်သည်
အားနည်သူကို ဖေးမတွဲခေါ်တာ
ဝါသနာထုံပြီး ခပ်ကြွားကြွားသူဆိုရင်
ခပ်ချေချေနေတတ်သော သွေး
အကျောမခံတတ်သော သွေး ဖြစ်သလောက်
အနစ်နာခံတတ်တာလည်း ဒီ သွေး ပင်
ခံစားချက်ကို ဖွင့်မပြတတ်လို့
မချစ်ဘူး မထင်နဲ့
အချစ်ကြီးပြီး သံယောဇဉ်ကြီးတဲ့ သွေး
ပျော်ပျော်နေတတ်ပြီး စိတ်ညစ်စရာဆို
သိပ်မတွေးတတ်တဲ့ သွေး
ရောင့်ရဲတင်းတိမ်တတ်ပြီး
ဖြစ်သလို နေတတ်ကာ
ကြုံသလို စားတတ်တာလည်း ဒီ သွေး
လိုချင်တာကို ရအောင်ယူတတ်ပြီး
"ဟင်" ဆိုရင်လည်း ပြန်လှည့်မကြည့်တတ်သော သွေး
ဟန်ဆောင်မှု့ကောင်းပြီး စိတ်ညစ်နေရင်တောင်
သူ့အနားရှိသူကို အပူမကူးဆက်စေချင်တဲ့
ချစ်စရာ စိတ်လေးရှိတတ်သော သွေး

အထီးကျန်ဆန်ဆန်နေတတ်ပေမဲ့
သူများဂရုစိုက်တာ ခံချင်တာလည်း
အို သွေး များပင်
ချစ်တဲ့သူတိုင်းကို စိတ်ပူတတ်ပြီး
ဂရုစိုက်တတ်လွန်းတာလည်း နှစ်ယောက် မရှိ
သူတစ်ပါးရဲ့စိတ်ကို ဖတ်တတ်ပြီး
အရိပ်အကဲကြည့်တတ်သော သွေး
လူတိုင်းကိုမရောတတ်ပေမဲ့
ခင်မိလျှင်လည်း
ပေါတောတော နေတတ်ပြီး
စကားဖောင်ဖွဲ့တတ်သော သွေး
ခွေးဟောင်တိုင်း ထမကြည့်တတ်ပေမဲ့
ထကြည့်မိလျှင် အစအဆုံးစပ်စုတတ်သော သွေး
ပေးချင်ကမ်းချင်တာလည်း သူပဲ
နှမြောတွန့်တိုမှု့ နည်းတတ်သော သွေး
လူတိုင်းအပေါ်တစ်ပြေးညီ ဆက်ဆံသည်
သူဌေးရယ် ဆင်းရဲသူရယ်လို့လူတန်းစား
မခွဲခြားတတ်သော သွေး
မာနကြီးပြီး သူတစ်ပါးဆီက
တော်ရုံနဲ့ အကူအညီ
မတောင်းတတ်သော သွေး ပင်
လျှိုဝှက်အေးအေးဆေးဆေးနေသော အကျင့်ရှိပြီး
တစ်ခါတစ်ရံ တစ်စိမ်းဆန်ပေမဲ့
အားငယ်တတ်တာလည်း ဒီ သွေး ပဲ
စကားပြောကောင်းကြသဖြင့်
အပြောနဲ့တင် ဆွဲဆောင်နိုင်သော သွေး
ကျေးဇူးတရားကို အရမ်းသိတတ်ပြီး
အခွင့်ကြုံက ဆပ်ချင်တတ်တာလည်း
အို သွေး များပင်

အကြံဥာဏ်ကောင်းများထွက်တတ်ပြီး
သူတစ်ပါးကို ကူညီပေးတတ်တာလည်း
ဒီ သွေး ပင်
စိတ်မပါလျှင် ဘာမှမလုပ်
ပါလျှင်လည်း မအိပ်မနေ ဇွဲရှိရှိလုပ်တတ်သော သွေး
စေတနာရှိလျှင် အကုန်ပေးတတ်သလောက်
စေတနာမရှိလျှင် တစ်ခုတောင်
ပေးဖို့ဝန်လေး တတ်သော သွေး
ချစ်တတ်တဲ့နေရာမှာလည်း ထိပ်ဆုံးက
သူချစ်သလောက် ပြန်မရမှာလည်း
ကြောက်တတ်တဲ့ သွေး
နားလည်ရခက်ပေမဲ့
အို သွေး ချစ်သူ သူငယ်ချင်းများရှိက
အချစ်ခံရပြီး ဦးစားပေးခံရမည် 
အနစ်နာခံတတ်ပြီး တစ်ပါးသူကို မကောင်းမကြံတတ်ပေ
အရစ်ခံရမည်က အဆစ်ပါသည် 
~~~~~~~~~~~~~~~~~~~~~~~~
ခန့်မင်းညို
credit pyethant

No comments

Powered by Blogger.