Header Ads

ဒေါ်စု မိန့်ခွန်း အကျဉ်းချုပ်


ဒေါ်စု မိန့်ခွန်း မှတ်သားမိသမျှ အကျဉ်းချုပ်ပါ။ လိုတာရှိလည်း ဖြည့်ပေးကြပါ။ ဆက်လက်ပြီး ဒေါ်စုနဲ့ အတူ ရှိကြမယ်လို့ ယူဆပါတယ်။

ရခိုင်ပြည်နယ်က ဖြစ်ရပ်ဟာ ဥပဒေ သတ်မှတ်ချက်အရ အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်တယ်။

ဒီအဖြစ်ဟာ ရခိုင်နဲ့ မူဆလင်တွေ ကြားသာမက မြို သက် မရမာ ဟိန္ဒူ စတဲ့ နိုင်ငံတကာ မသိတဲ့ လူမျိုးငယ်လေး တွေပါ ပါနေတယ်။

စက်တင်ဘာ ၅ ရက် နောက်ပိုင်း အကြမ်းဖက်မှုတွေ ရပ်တန့်သွားသော်လည်း ပြေးနေသူတွေ မရပ်သေးတာက ဘာကြောင့်လဲ လေ့လာကြရမယ်။

ပြေးကြသူတွေ ပြေးပေမယ့် မပြေးသူက လူဦးရေ တစ်ဝက်ကျော် ဖြစ်တယ်။ ဒီလူတွေဟာ ရခိုင်ပြည်နယ်ထဲ နေထိုင် အသားကျနေသူတွေ ဖြစ်တယ်။

ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အရင်က ရှိဖူးခဲ့တဲ့ သဘောတူညီချက်အတိုင်း စစ်ဆေးပြီးလက်ခံဖို့ အဆင်သင့် ဖြစ်နေပြီ။

လူ့အခွင့်အရေး ချိုးဖောက်မှုတိုင်းကို ဘယ်သူလုပ်လုပ် ရှုတ်ချတယ်။ ချိုးဖောက်မှု လုပ်သူတွေကိုလည်း တရားမျှတစွာ ရုံးတော်ကနေ အရေးယူမယ်။

ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လက်ခံဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ အမြန်ဆုံး အကောင်အထည် ဖော်ပါမယ်။

ရခိုင်ပြည် အခြေအနေကို တိုးတက်အောင် ဆောင်ရွက်နေတဲ့ စီမံကိန်းများလည်း ရှိပြီးဖြစ်ပါတယ်။ ကားလမ်း မပေါက်တဲ့နေရာ ပေါက်အောင် စီးပွားရေး တိုးတက်အောင် လုပ်ဖို့ စီမံထားတယ်။ ပညာရေး ကျန်းမာရေးအစ ခွဲခြားမှုမရှိပဲ ပေးနိုင်အောင် စီစဉ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြသနာတွေဟာ ဒီတစ်ခုထဲ မဟုတ်ပါ။ ငြိမ်းချမ်းရေးအတွက် အခက်အခဲတွေ ကြားမှာ အစိုးရက အလုပ်လုပ်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာ လိုအပ်နေပါတယ်။ ပြသနာတွေကို ခြုံငုံ ဖြေရှင်းနိုင်အောင် အစိုးရက ကြိုးစားနေပါတယ်။ ဝိုင်းကူကြပါ။

အကြောက်တရားနဲ့ အမုန်းတရားဟာ တကမ္ဘာလုံး မတည်မငြိမ်ဖြစ်နေခြင်းရဲ့ အရင်းခံ အကြောင်းရင်းပါ။ ဒါကို ဖြေရှင်းဖို့ ထိတွေ့ ညှိနှိုင်းခြင်းအားဖြင့် ပဋိပက္ခတွေ လျော့ချရမယ်။ အိုင်ဒီယာနဲ့ဖြစ်ဖြစ်၊ စကားလုံးနဲ့ ဖြစ်ဖြစ်၊ လက်နက်နဲ့ ဖြစ်ဖြစ် တိုက်ခိုက်တာတွေကို ရှောင်ရှား စေချင်တယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြတာကို ဖော်ဆောင်ချင်တယ်။ အခု ပြောကြားချက်ဟာ diplomatic brief ဖြစ်သလို နိုင်ငံတကာကို ကူညီဖို့ ပူပေါင်းပါဝင်ဖို့ တောင်းဆိုချက်လဲ ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ဝိုင်းကူကြပါ။

#crd

No comments

Powered by Blogger.