Header Ads

အိမ်ရှင်မလောင်းတစ်ယောက်၏ အတွေး💘

 

💓💓💓💓💓💓💓💓
ကျွန်မလား..?
ယောက္ခမနဲ့ မတည့်စရာ အကြောင်း မရှိပါဘူး။
ကျွန်မအတွက် အနာဂတ် ခင်ပွန်းလောင်းကို မွေး ထားပေးသူကို အမေအရင်း တစ်ယောက်လို ချစ်ပြီး ပြုစုမှာပါ။

ကျွန်မလား...?
"သင် ကောင်းရင် ကျွန်ုပ် မဆိုးပါ" ဆိုတဲ့ စကားကို လက်မခံပါဘူး။
ကျွန်မ ခု သိလိုက်တာက သင် ကောင်းကောင်း မကောင်းကောင်း ကျွန်မ ကောင်းနေဖို့ လိုတယ် ဆိုတာကိုပါ။

ကျွန်မလား....?
ယောက္ခမ ကို ကျွန်မက မိဘလို သဘော ထားပါရဲ့နဲ့
ကျွန်မအပေါ် ဆိုးနေရင်လည်း ကျွန်မ ခင်ပွန်းလောင်းက ကျွန်မ အပေါ် နားလည် သဘောပေါက်ပြီး ကြားကနေ အကောင်းဆုံး ညှိနှူိင်း ပေးမယ် ဆိုတာ ယုံကြည်တယ်။

ကျွန်မလား....?
အိမ်ထောင်ပြုတယ် ဆိုတာက ယောက်ျား တစ်ယောက်ကို လိုအပ်လို့ ယူတာ မဟုတ်ဘဲ ဘဝအသစ် တည်ဆောက်ရန် လူသား တစ်ယောက် တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပီး ကိုယ့် ခြေထောက်အပေါ် ကိုယ် ရပ်တည်နိုင်တဲ့ အတွက် ယောက္ခမလောင်းက
ကျွန်မအပေါ် အနိုင်ယူမှာ မဟုတ်ဘူး လို့ ယူဆထားတယ်။

ကျွန်မလား....?
ကိုယ့်ခြေထောက်အပေါ် ကိုယ် ရပ်တည်နိုင် ပေမယ့် ကိုယ် ရွေးချယ်ထားတဲ့ ခင်ပွန်းလောင်းကို အိမ်ဦးနတ်လို လေးစားစွာ ဆက်ဆံမှာ ဖြစ်လို့ ယောက္ခမလောင်းက
ကျွန်မအပေါ်  နိုင့်ထက် စီးနင်း လုပ်ရဲမှာ ဟုတ်ဘူးလို့ ယုံကြည်ထားတယ်။

ကျွန်မလား....?
ကိုယ့်ကိုယ်ကို အရည်အချင်း ရှိအောင် ကြိုးစားထားသလို မြန်မာ အိမ်ရှင်မ တစ်ယောက် ထားသင့်တဲ့ စိတ်နေ သဘောထားကို အကောင်းဆုံး ကြိုးစားထားတဲ့ အတွက် လင် ယောက်ျားကောင်း ရနိုင်သလို ယောက္ခမဆိုးနဲ့ မကြုံရဘူးလို့ ယုံကြည်ထားတယ်။

ကျွန်မလား....?
လူတိုင်း တော်တော် များများမှာ ကိုယ်နဲ့ ထိုက်တန်တာကို ပိုင်ဆိုင်ကြရတဲ့ အတွက်ကြောင့် ကျွန်မနဲ့ ထိုက်တန်သူက
ကျွန်မ ကောင်းရင် လူကောင်း ရမှာ ဖြစ်သလို ကျွန်မ အောက်တန်း ကျနေရင်တော့ ယောက်ျားဆိုး ၊ ယောက္ခမဆိုးနဲ့ တွေ့ကြုံရမယ် ဆိုတာ ယုံကြည်ထားတယ်။
ကျွန်မ ကောင်းအောင် ကြိုးစား နေရဲ့သားနဲ့ လူဆိုးတွေနဲ့ တွေ့ကြုံခဲ့ရင်လည်း ကျွန်မ"နောင်တ "ရလာမှာ မဟုတ်ဘူး။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မ​ကွေး

No comments

Powered by Blogger.