Header Ads

ရင့်ကျက်နေတဲ့ မိန်းမတစ်ယောက်ဆိုတာ . . 👩


အများအမြင်မှာ ရင့်ကျက်နေပြီ ထင်တဲ့ မိန်းမတစ်ယောက် . . 👩
ပြင်းပြင်းထန်ထန် အသည်းကွဲဖူးတဲ့ မိန်းမတစ်ယောက် . .💔

သူ့မှာ အတွေ့အကြုံ တော်တော် များနေပြီ ။☺

သူ့ကို " ချစ်တယ် " လာပြောရင် နှုတ်ခမ်းလေး တွန့်ရုံပြုံးမယ်။ သေချာတယ်။ ဒါဟာ သရော်ပြုံး . . လူတိုင်းကို လွယ်လွယ် မယုံတတ်တော့တာ . .😋

သူလား…??
အရူးအမူး ချစ်ဖူးတယ်။ အချစ်ခံရ ဖူးတယ်။
သစ္စာဖောက် ခံရဖူးတယ်။ အသည်းတွေ ပက်ပက်စက်စက်ကွဲဖူးတယ်။ လူတစ်ယောက်ကို ဘဝကြီးလို့ ခံယူဖူးတယ်။

အရမ်း မျှော်လင့်ခဲ့တဲ့ လူဆီက အထားခဲ့ခံရတယ်။
သူ့ဘဝမှာ လုံးဝစိတ်ဓါတ်တွေ ကုန်းကောက်လို့ မရတော့တဲ့အထိ ကမ္ဘာပျက်ခဲ့တယ်လေ . .😅

ဒါပေမဲ့ . . ခုချိန်မှာတော့ အချစ်က သူ့အတွက် အရေးမပါတဲ့ ပမွှားလေးတစ်ခုသာ . .

အခုချိန်ထိ သူ့ဘေးမှာ ချစ်သူရည်းစားမရှိသေးရင် . .

သူ့ စိတ်ကြိုက် မတွေ့သေးတာလဲ ဖြစ်နိုင်တယ်။
ရွေးချယ်နေဆဲလဲ ဖြစ်နိုင်တယ်။ ထပ် မထားချင်တော့တာလဲ ဖြစ်နိုင်တယ်။ သူ့ကိုယ်သူ ပိုချစ်သွားတာလဲ ဖြစ်နိုင်တယ်။☺💖

ဘယ်လိုပဲ ဖြစ်ဖြစ် . .
နောက်ဆုံး သူ တစ်ယောက်ယောက်ကို ရွေးချယ်တော့မယ်ဆိုရင် သူ့ရွေးချယ်မှုမှာ ဦးနှောက်ရဲ့ ဆုံးဖြတ်မှု 50% ၊ နှလုံးသားရဲ့ ဆုံးဖြတ်မှု 50% စီ ပါတယ်။😉

ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်တာဟာ သူ အရင်လို အဖြစ်အပျက်တွေနဲ့မကြုံချင်တော့ဘူး။ တည်ငြိမ်တဲ့ Rsတစ်ခုသာ သူ့အတွက် လိုအပ်တယ်။ ဘဝရဲ့လက်တွဲဖော်လို့ သတ်မှတ်ရမဲ့လူမျိုးကိုသာ သူ လိုအပ်တယ်။😋

အခုချိန် သူ့ဘေးမှာ ချစ်သူရှိနေရင် သေချာတယ်။
အဲ့လူကို သူ လက်ထပ်ဖို့ 100% စဉ်းစားထားတယ်။
အဲ့လူကို သူချစ်တယ်။ ဒါပေမဲ့ . . အရူးအမူးအချစ်တော့ မဟုတ်ဘူး။ စိတ်မကစားတော့တဲ့ တည်ငြိမ်လေးနက်တဲ့ အချစ် . .☺💖

တခြားကောင်လေးတွေ သူ့ကို လာချစ်၊ လာကြိုက်ကြလဲ သူ လှည့်မကြည့်တော့ဘူး။ သူချစ်ရတဲ့လူနဲ့သာ သူ့ဘဝကိုရှေ့ဆက်ဖို့ Plan တွေချပြီး ပြီးပြည့်စုံတဲ့ ဘဝတစ်ခုရဖို့ပဲ သူကြိုးစားနေလိမ့်မယ်။☺

သူ့ Relationship မှာ စိတ်ဆိုး စိတ်ကောက်မှုတွေ နည်းမယ်။ နားလည်မှု၊ နွေးထွေးမှု၊ ရိုင်းပင်းကူညီမှု၊ ဖေးမမှုလေးတွေနဲ့တည်ဆောက်ထားမယ်။

သူတို့ စကားပြောဖြစ်တဲ့ အကြောင်းအရာ အများစုက
ချစ်ကြောင်း၊ ကြိုက်ကြောင်းတွေ မဟုတ်ဘူး။
အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ အနာဂတ် အကြောင်းတွေ ဆွေးနွေးတိုင်ပင်တာပဲ ဖြစ်လိမ့်မယ် ။😇

အကယ်၍ . .
သူ့ လက်တွဲဖော်လို့ ထင်ခဲ့တဲ့ လူက သစ္စာမဲ့တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် လမ်းခွဲခဲ့ရရင်တောင် သူ့ဘက်က အေးဆေးပဲ ဖြစ်နေလိမ့်မယ်။

အဲ့လူကို မချစ်လို့တော့ မဟုတ်ဘူးနော်!
အရင်လူတွေ ပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့် ခံနိုင်ရည်ရှိသွားလို့ . . သူ့ဘဝမှာ အသည်းကွဲဖို့ အချိန်ထပ်မပေးနိုင်တော့လို့ . .😊

သူ့ကို ထားခဲ့တဲ့လူကိုလည်း အပြစ်တင်နေမှာ မဟုတ်ဘူး။ သူ့ဆီ ပြန်လာဖို့ ကြိုးစားနေမှာလဲ မဟုတ်ဘူး။
အဲ့လူကို သူ့စိတ်ထဲက အချိန်ခဏလေးအတွင်းမှာ
ထုတ်ပစ်လိုက်နိုင်တယ်လေ . .

သူ့ဘဝမှာ တော်ရုံတန်ရုံလူတွေကို ခေါင်းထဲ ထည့်နေတော့မှာမဟုတ်ဘူး။ သူ့တန်ဖိုးမသိတဲ့ လူတွေကို
ကျွန်တစ်ယောက်လို လွမ်းဆွတ် တမ်းတနေရမဲ့အစား
သူ့ကိုယ်သူ ချစ်တတ်ပီး လှပတဲ့အနာဂတ်တွေနဲ့
သူ့ကမ္ဘာမှာ ဘုရင်မပဲ လုပ်ရတာအကောင်းဆုံးတာ
သူ သိသွားခဲ့ပြီလေ . . .။👸💗

#EeCk

No comments

Powered by Blogger.