Header Ads

*Aသွေး* သမားများအကြောင်း


Aသွေးလေးတွေက

👉စိတ်က ဓားလိုပြတ်တယ်။😌ဂိတ်ဆုံးထိ သည်းခံတတ်တယ်။လွန်လာရင်တော့ ပြန်ချေပလိုက်ရမှ ကျေနပ်ကြတယ်။😌 စိတ်ဆိုး၊ဒေါသထွက်ရင် ခဏလေးနဲ့ ပြန်ပြေသွားတတ်ပေမယ့် စိတ်နာသွားရင်တော့ ဆွေမျိုးတောင် ပြန်လှည့်မကြည့်တတ်ကြဘူး😌

Aသွေးလေးတွေက

👉သူငယ်ချင်း အများကြီးမရှိဘူး။ရှိတဲ့ သူငယ်ချင်းကိုပဲ စိတ်ရင်းနဲ့ ပေါင်းတယ်😌သူငယ်ချင်းတွေ အတွက်ဆို အတိုင်ပင်ခံအမတ်လေးနဲ့ တူတယ်😊ဘာမဆို တိုင်ပင်လို့ရတယ်😊အကောင်းဆုံး အကြံပေးတတ်ကြတယ်😊 မပြောပလောက်တဲ့ ကိစ္စဆိုရင် ဟာသနှောပြီး တစ်ဖက်သူငယ်ချင်းကို အာရုံပြောင်းပေးလိုက်ကြတယ်☺

Aသွေးလေးတွေက

👉စိတ်အားငယ်ပြီး နားလည်ရခက်တဲ့ သွေးပိုင်ရှင်တွေပါ😔သူတို့ကို စိတ်ရှည်ရှည်နဲ့ နားလည် နှစ်သိမ့်ပေးနိုင်မယ့် လူတစ်ယောက် အမြဲလိုအပ်ပါတယ်😔ဘာလို့လဲဆိုတော့ စိတ်ဓာတ်တက်ကျ အရမ်းလွယ် အရမ်းမြန် တတ်ကြလို့ပါ😔လက်တွေ့မှာတော့ ကိုယ်�့ကိုယ်�ကိုပဲ အားပေးနှစ်သိမ့် နေတတ်သူတွေပါ😌😌😌

Aသွေးလေးတွေက

👉ကိုယ့်ကိုလိမ်နေတယ်ဆိုတာ ကြိုသိနေတတ်ကြပါတယ် 😌 ဒါပေမဲ့ ပြောလိုက်ရင် တစ်ဖက်သား ရှက်သွားမလား ဆိုတဲ့စိတ်နဲ့ သိရက် အလိမ်ခံတတ်ကြပါတယ်😌

Aသွေလေးတွေက

👉လူတိုင်းကို တော်ရုံမျက်လုံးချင်းဆုံပြီး စကားမပြောတတ်ကြဘူး👀သူတို့ကိုလည်း တော်ရုံဘယ်သူမှ မျက်လုံးချင်း စူးစိုက်မကြည့်နိုင်ကြဘူး👀
Aသွေးတွေရဲ့ ဆွဲဆောင်မှုက👀ဆိုလားပဲ😁😁😁

Aသွေးလေးတွေက

👉အိပ်ကောင်းတုန်း လာနှိုးတဲ့အချိန်
👉ကတိဖျက်ခံရတဲ့အချိန်
👉သစ္စာဖောက်ခံရတဲ့အချိန်
👉အကြာကြီး စောင့်ရတဲ့အချိန်
အဲ့လိုအချိန်မှာ ပေါက်ကွဲမှုက လက်ပစ်ဗုံးလောက်တော့ သနားတယ်😂😂😂


Aသွေးလေးတွေက

👉ကိုယ့်ကိုအသားလွတ် လာတိုက်ခိုက်ရင် တုံ့ပြန်သင့်တယ် ထင်ရင် တုံ့ပြန်ပါလိမ့်မယ်😌မပြောပလောက်တဲ့ ကိစ္စလို့ထင်ရင် အေးဆေး နှုတ်ဆိတ်နေပါလိမ့်မယ်😌

Aသွေးလေးတွေက

👉ခရီးထွက်ရတာ၊သီချင်း နားထောင်ရတာကို အရမ်းသဘောကျ တတ်ကြပါတယ်။ သီချင်းတစ်ပုဒ် ကြိုက်ရင် နောက်ကြိုက်တဲ့ သီချင်းအသစ် မတွေ့မချင်း ထပ်တလဲလဲ နားထောင်တတ်ကြပါတယ်😁😁😁

Aသွေးလေးတွေက

👉သူတို့ရဲ့ အားနည်းချက် သူတစ်ပါး သိသွားမှာ အရမ်း ကြောက်တတ်ကြပါတယ် 😔

Aသွေးလေးတွေက

👉ချစ်သူအပေါ် လိုတာထက် ပိုသဝန်တိုတတ်ကြပါတယ်😁
သူ့ချစ်သူကို ဆတ်ဆတ်ထိ မခံကြဘူး။စနောက်လို့မရဘူး😁ချစ်သူနဲ့ ပတ်သတ်ရင် အစွဲအလမ်း ကြီးတတ်ကြတယ်။😌အသေးအဖွဲ့ ကအစ အလေးအနက် ထားတတ်ကြတယ်😌 တခါတလေ စိတ်ကောက်နေပေမဲ့ ချစ်သူစိတ်ပျက်မှာ ဆိုးလို့ ဘာမှမဖြစ်ဘူးလို့ လိမ်လေ့ရှိတယ်😁ချစ်သူကို အပြင်မှာ နူးနူးညံ့ညံ့ မဆက်ဆံတတ်ကြပေမဲ့ တကယ်တမ်းတော့ ရင်ထဲမှာ ချစ်သူထက်ပိုပြီး ချစ်ခင်ကြင်နာ တတ်ကြပါတယ်😌

Aသွေးလေးတွေ

👉အများအားဖြင့် အမုန်းကို လျှိုဝှက်ထားတတ်ကြပါတယ်😌လူတစ်ယောက်ကို အေးစက်စက်ကြည့်နေပြီ ဆိုရင်တော့ အဲ့လူကို သေလောက်အောင် မုန်းနေပါပြီ😌

Aသွေးလေးတွေက

👉စိတ်ဆိုးသွားရင် ဘာစကားမှ မပြောတော့ဘဲ တိတ်ဆိတ် သွားတတ်ကြတယ်😷 မေးကြည့် စိတ်မဆိုးဘူးပဲ ပြန်ဖြေလိမ့်မယ် တခြားဘာမှ ထပ်မပြောကြတော့ဘူး😂

Aသွေးလေးတွေက

👉တစ်ယောက်တည်း နေရတာ သဘောကျပြီး အဆွေးသီချင်းတွေ ကြိုက်တတ်ကြတယ်😌 လူစည်ကားတဲ့ နေရာဆို မသွားတတ်ကြဘူး😌လူနည်းနည်း များလာရင် အလိုလို စိတ်ရှုပ်လာတတ်ကြတယ်😌

Aသွေးလေးတွေက

👉အမှားတစ်ခုခု လုပ်ပြီးရင် သူတို့မဟုတ်သလိုပဲ ခပ်တည်တည်နဲ့😂😂😂 အစအနောက် သန်တာလည်း ၂ယောက်မရှိဘူး😁သူများ စိတ်ကသိကအောင့်ဖြစ်အောင် လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင် ပါရဂူလေးတွေပါဗျာ😁😁😁

#Aung🌹

No comments

Powered by Blogger.