Header Ads

ကြက်သွန်နီ နှင့် ကျန်းမာရေး


ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့်၊ မရှိမဖြစ်ဆီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တဲ့အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ကြက်သွန်နီကို အခွံနွှာတာနဲ့ လှီးဖြတ်တာကြောင့် မျက်ရည်ကျစေနိုင်ပေမယ့် ဒီလိုဖြစ်ရတာက Sulphides နဲ့ Thiosulfinatesတို့ကြောင့် ဖြစ်ရတာပါ။ ဒီပါဝင်ပစ္စည်း နှစ်မျိုးဟာအီးကိုလိုင်ပိုး၊ဆာမိုနဲလားပိုးနဲ့ bacillussubtilis ဆိုတဲ့ ပိုးတွေကြောင့် နာမကျန်းမှုမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ကြက်သွန်နီက ခံတွင်းနံ့ကို နံစေတဲ့ဆိုးကျိုး ရှိတယ်ဆိုပေမယ့် ကြက်သွန်နီ အစိမ်းလိုက် စားပေးတာကြောင့် သွားတွေကို သန်စွမ်းစေပြီး သွားပိုးစားစေတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ကြက်သွန်နီဟာ သွေးခဲဖြစ်ပေါ်မှု မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။အကြောင်းကတော့ သွေးလှည့်ပတ်မှုကို ချောချောမွေ့မွေ့ ဖြစ်စေလို့ပါ။ သွေးလွှတ်ကြောတွေထဲမှာ သွေးခဲဖြစ်တာနဲ့ ပိတ်ဆို့တာတွေ မဖြစ်အောင် ကာကွယ်ပေးတာကြောင့် နှလုံးရောဂါ ထနိုင်ခြေကို လျော့ကျစေတာ ဖြစ်ပါတယ်။

 နှာခေါင်းပိတ်တာနဲ့ နှာခေါင်းမြှေး ရောင်ရမ်းနာတို့ကို သက်သာစေဖို့အတွက် ကြက်သွန်နီက အသုံးဝင်ပါတယ်။ ကြက်သွန်နီကို စားရင် အသက်ရှူလမ်းကြောင်းရှိ အချွဲမြှေးတွေကို ပျော်ဝင်စေတာကြောင့် အသက်ဝဝ ရှူနိုင်စေပါတယ်။ နားကိုက်တာနဲ့ မူးဝေတာတို့ သက်သာစေဖို့ ရေထဲ ကြက်သွန်နီကို ထည့်ပြီး ပျော့သွားအောင် ပြုတ်ကာ အေးအောင်ထားပြီး အဝတ်စတစ်စထဲ ထည့်လိုက်ပါ။ ပြီးရင် အဲဒီအဝတ်စကို နားပေါ်မှာ ကပ်ပေးပါ။ နားကိုက်တာကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်နီက ချစ်စိတ်ကို တိုးစေပြီး မျိုးဆက်ပွားအင်္ဂါကို သန်စွမ်းစေပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းထဲမှာစိမ်ကာ ပုံမှန်သောက်ပေးရင် အိမ်ထောင်သည်တွေအတွက် ချစ်စိတ်ကို တိုးစေပါတယ်။
အစိမ်းလိုက်သုတ်စားခြင်း ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ကာမစွမ်းအားတွေ တိုးပွားလာတယ်လို့ဆေးပညာတွေမှာရေး သားဖေါ်ပြထားပါတယ်။

ကြက်သွန်နီအစိမ်းကို ခံတွင်းထဲမှာ သုံးမိနစ်ခန့် ဝါးစားပေးတာကြောင့် ခံတွင်းထဲက ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ရောင်ရမ်းနေတဲ့ သွားဖုံးနဲ့ ကိုက်ခဲနေတဲ့ သွားတွေပေါ် ကပ်ပေးတာကြောင့် သွားကိုက်တာကို သက်သာစေပါတယ်။

ကြက်သွန်နီဟာ ဆီးလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေကို ကုသရာမှာ အလွန် အသုံးဝင်ပါတယ်။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာနဲ့ ဝမ်းကိုက်တဲ့ ဝေဒနာတို့အတွက် ကြက်သွန်နီကို အစိမ်းလိုက် စားပေးရင် သက်သာစေပါတယ်။
.
.
Credit to ကြယ်စင်
via-Naing Mg Mg Myo

No comments

Powered by Blogger.